[ တ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) တောင်ပို့တက် ခေါင်းဖြီးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏ကိုးကွယ်ရာဖြစ်အံ့။

(2) တောင်ထိပ်၌နေရသည်ဟု မြင်မက်မူ ပြည်သူ့ဝန်ထမ်းအကြီးအကဲဖြစ်အံ့။

(3) တောင်အရပ်သို့ သွားရသည်ဟု မြင်မက်မူ ရောဂါရအံ့

(4) တောင်ကလပ်တက်နေသည်ဟု မြင်မက်မူ လက်ရှိ ရာထူးထက်မြင့်သောအဆင့်ကို ရအံ့။

(5) တောင်ဖျားတက်ရသည်ဟု မြင်မက်မူ လာဘ်ကြီးရအံ့

(6) တံခွန်လှူရသည်ဟု မြင်မက်မူ ထင်ရှားအံ့

(7) တံခွန်လွှားရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့

(8) တံတားပေါ်လျှောက်ရသည်ဟူမြင်မက်မူ သောကရှိလျက်အလိုပြည့်အံ့။

(9) တန်ဆာဆင်ရသည်ဟု မြင်မက်မူ သူတစ်ပါး ရှိခိုးခံရအံ့

(10) တန်ဆောင်းညှိဟု မြင်မက်မူ စာတတ်အံ့၊ ထင်ရှားအံ့

(11) တူရိယာအမျိုးမျိုးတွင် စောင်းမှတစ်ပါး အခြားတူရိယာတို့ကိုတီးရသည်ဟု မြင်မက်မူ မကောင်း။

(12) တလားမှာ ဝင်သည်ကို မြင်မက်မူ သေအံ့