[ ထ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ထောပတ်၊ ပျားရည်တို့ကို နှစ်နှစ်သက်သက် မြင်မက်မူ ချမ်းသာအံ့

(2) ထောပတ်၊ နို့ စသည်တို့ကို ရွံရှာဖွယ်မြင်မက်မူ ဘီလူးဘေး၊ငတ်မွတ်ဘေး၊ နာဖျားသောဘေး တွေ့အံ့။

(3) ထမ်းစင် သံလျှင်စီးရသည် မြင်မက်မူ လာဘ်ရအံ့

(4) ထမ်းစင်ထက် ကျီးနားသည်ဟု မြင်မက်မူ နာဖျား ပျက်စီးအံ့

(5) ထမင်းစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့၊ ကြောင့်ကြရအံ့

(6) ထမင်းနှင့်တကွ သပိတ်လွယ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့

(7) ထီးဆောင်းရသည်ဟု မြင်မက်မူ စိတ်အေးမြအံ့

(8) ထိတ်လန့်သည်ဟု မြင်မက်မူ မကောင်း

(9) ထင်းပုံပြိုကျသည်ဟု မြင်မက်မူ မကောင်း