[ ဒ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ဒွန်းစဏ္ဍားအထက်က နေရသည်ဟု မြင်မက်မူ မကောင်း

(2) ဒါနပြုရသည်ဟု မြင်မကမူ ရာထူးတိုးအံ့၊ စန်းပွင့်အံ့၊ စကားကောင်းပြောအံ့။

(3) ဒုံးလှေကို မြင်မက်မူ စိတ်ပျော်ရွှင်အံ့

(4) ဒေလီယာပန်းပွင့်ကြီးကို မြင်မက်မူ အခြွေအရံ အသင်းအပင်းများပေါများအံ့။

(5) ဒေလီယာပန်းကြီး ပန်ရသည်ဟု မြင်မက်မူ မုချလက်ထပ်ရအံ့စိတ်လွတ်ကိုယ်လွတ် ပျော်ရအံ့။

(6) ဒန်အိုး၊ ဒန်ခွက်များကို မြင်မက်မူ အိမ်တွင်းသုခ ရအံ့

(7) ဒယ်အိုးကို မြင်မက်မူ စိတ်ချမ်းသာရအံ့

(8) ဒေါင်းမွေးမြူရသည်ဟု မြင်မက်မူ အိမ်ကျက်သရေတိုးအံ့