[ န ] နှင့် ပတ်သက်သော အိပ်မက်များ

(1) နို့အမျိုးမျိုးကို သောက်သည်ဟု မြင်မက်မူ သူတစ်ပါး ပညာပေးအံ့

(2) နို့ညှစ်ရသည်ဟု မြင်မက်မူ ကြွယ်ဝအံ့

(3) နို့ကို ရွှေခွက်နှင့် ထည့်၍ သောက်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့နွားနို့သောက်ရသည်ဟုမြင်မက်မူ သူတစ်ပါးတို့ထက် ကျော်စောအံ့။

(4) နွားမ, ဖမ်းရသည်ဟု မြင်မက်မူ သူကြီးဖြစ်အံ့

(5) နွားရသည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာတိုးအံ့

(6) နွားစီးရသည်ဟု မြင်မက်မူ ချမ်းသာအံ့

(7) နွားကျောင်းရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့

(8) နွားချေးရေချိုးရသည်ဟု မြင်မက်မူ လာဘ်ရအံ့

(9) နတ်ရုပ်၊ ဗိဿနိုးရုပ်ကို မြင်မက်မူ အဆွေခင်ပွန်းကောင်းရအံ့

(10) နတ်ဆေးလိမ်းကျံမြင်မက်မူ ဥစ္စာရအံ့

(11) နတ်တို့ စကားပြောသည်ဟု မြင်မက်မူ တုန်လှုပ်ပျက်စီးအံ့

(12) နေဗိမာန်သည် ကြယ်အပေါင်းခြံရံချက် မြေမှကောင်းကင်သို့ ပျံတက်သည်ဟုမြင်မက်မူ ဘုန်းကံသေးငယ်သူတို့အတုမရှိ ဘုန်းကြီးအံ့။

(13) နေ လ ကြတ်သည်ဟု မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့

(14) နေ လတို့ မွန်းတည့်သည်ဟု မြင်မက်မူ ကြီးစွာသောချမ်းသာသုခကို ရအံ့။ အမျိုး(၇)ဆက်တိုင် မပျက်နိုင်သောစည်းစိမ်ကို ရအံ့။

(15) နေ လတို့ကို ရင်ခွင်ပိုက်ရသည်ဟု မြင်မက်မူ ဘုန်းကြီးသောသားကို ရအံ့။ နေအိမ်၊ လအိမ်ဖွဲ့၍ ဝမ်းတွင်းဝင်သည်ဟု မြင်မက်မူကောင်းစားအံ့။

(16) နေ လ ကြယ်တို့ကို မြင်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ထက်မြင့်မားသော ရာထူးရှိသူ ဖြစ်အံ့။

(17) နေသည် အရှေ့က ထွက်၍ အနောက်သို့ ဝင်သည်ဟု မြင်မက်မူကမ္ဘာတွင် ထင်ရှားသော ပုဂ္ဂိုလ်ပေါ်ပေါက်အံ့။

(18) နေ လတို့ကို ဖက်ရသည်ဟု မြင်မက်မူ ကြွယ်ဝချမ်းသာအံ့

(19) နေသည် ဝမ်းတွင်းသို့ ဝင်ရောက်သည်ဟု မြင်မက်မူသားကောင်းဖွားအံ့။

(20) နေကြာပန်းပန်၍ ပတ်စည်တီးရသည်ဟု မြင်မက်မူမင်းဆရာဖြစ်အံ့။

(21) နားတွင်းသို့ မစင်ရည်ဝင်သည်ဟု မြင်မက်မူ လာဘ်ရအံ့

(22) နားပင်းသည်ဟု မြင်မက်မူ သူတစ်ပါး အတင်းပြောအံ့

(23) နားတွင်းသို့ ဆီသန့်သန့်ဝင်သည်ဟု မြင်မက်မူ နှစ်သက်ဖွယ်ရာစကားကို ကှားရအံ့။

(24) နှာခေါင်းသွေးယိုထွက်သည်ဟု မြင်မက်မူ သူတစ်ပါးတို့မှီခိုရာဖြစ်အံ့။

(25) နှာခေါင်းလှီးမြင်မက်မူ စည်းစိမ်တိုးပွားအံ့

(26) နှာခေါင်းပဲ့သည်ဟု မြင်မက်မူ စီးပွားဥစ္စာလျှောအံ့

(27) နှာခေါင်းတွင်းသို့ မကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူမကောင်းသော အကြံကို ကြံရအံ့။

(28) နှာခေါင်းတွင်းသို့ ကောင်းသော အနံ့ဝင်သည်ဟု မြင်မက်မူကောင်းသော အကြံကို ကြံရအံ့။

(29) နှလုံးသား အပြင်ထွက်သည်ဟု မြင်မက်မူ သားသမီးအရပ်တပါးသို့ ပြောင်းအံ့။

(30) နဂါးကို ဖမ်းမိသည်ဟု မြင်မက်မူ ရန်ပျောက်အံ့

(31) နှမ်းဆီကို သောက်ရသည်ဟု မြင်မက်မူ စိုးရိမ်သောက ကင်းအံ့

(32) နနွင်း၊ စန္ဒကူးလိမ်းကျံရသည်ဟု မြင်မက်မူ ဖျားနာအံ့

(33) နန်းတော်အိမ်ကို မီးလောင်သည်ဟု မြင်မက်မူ ရန်အောင်၍အနာနှိပ်စက်ပျက်စီးအံ့။

(34) နံ့သာမျိုးငါးပါး တစ်ပါးပါးကို နမ်းရှုရသည်ဟု မြင်မက်မူတစ်နေ့တခြား ဂုဏ်သတင်းထွက်အံ့။