[ ပ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ပန်းအမျိုးမျိုးတွင် မိမိကြိုက်နှစ်သက်သော ပန်း၏အနံ့ကိုနမ်းရှူရသည်ဟု မြင်မက်မူ ကျက်သရေ ဂုဏ်သတင်း ပျံ့နှံ့အံ့။

(2) ပန်းစည်းမြင်မက်မူ ရာထူးရအံ့

(3) ပန်းထီးဆောင်းရသည်ဟု မြင်မက်မူ ကျော်စောအံ့

(4) ပန်းနီပန်၍ ဖန်ရည်စွန်းသောအဝတ်ကို ဝတ်ရသည်ဟု မြင်မက်မူဘေးထိတတ်အံ့။

(5) ပန်းကြာပန်ရသည်ဟု မြင်မက်မူ နာဖျားတတ်အံ့

(6) ပန်းပန်ရသည်ဟု မြင်မက်မူ ဖျားနာအံ့

(7) ပန်းဖြူ ပန်ရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့

(8) ပြာသာဒ်ထက်၌ အစားအစာကို စားရသည်ဟု မြင်မက်မူအထူးကောင်းမွန်အံ့။ ပြာသာဒ်ထက်မှနေ၍ အရသာအဖျော်ကိုသောက်ရသည်ဟု မြင်မက်မူ ချမ်းသာသုခ တစ်နေ့တခြားတိုးအံ့။

(9) ပြာသာဒ်၊ တောစိုးသစ်ပင်၊ အထိကရသစ်ပင်၊ တောင်တို့ကိုတက်စီးရသည်ဟု မြင်မက်မူ ချမ်းသာစီးပွားများအံ့။

(10) ပြာသာဒ်ကြီးကို ပြုရသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့

(11) ပုဆိုးအသစ်၊ လုံချည်သစ်ကို မြင်မက်မူ ဘုန်းကျက်သရေ တိုးအံ့

(12) ပုဆိုးဖြူကို ဝတ်ရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့

(13) ပုဏ္ဍားရေသွန်း၍ စကားပြောသံကြားရသည်ဟု မြင်မက်မူ ရန်သူလက်မှ လွတ်အံ့။

(14) ပုဏ္ဍားကို စွဲလန်းမက်သော် လာဘ်ရအံ့

(15) ပုခက်စီးရသည်ဟု မြင်မက်မူ ထင်ရှားကျော်စောအံ့

(16) ပုပ်စော ဆီ၊ ရေတို့ နားတွင်းသို့ ဝင်သည်ဟု မြင်မက်မူဒုစရိုက်နှင့်စပ်သော မနှစ်သက်ဖွယ်ကို ကြားရအံ့။

(17) ပျားရည်သောက်ရသည်ဟု မြင်မက်မူ ကြံသမျှ ပြီးစီး၍လာဘ်ရအံ့။

(18) ပျားတုတ်ခံရသည်ဟု မြင်မက်မူ ရန်တွေ့အံ့

(19) ပခြုပ်တွင်း၌ မီးလောင်သည်ဟု မြင်မက်မူ လက်အောက်ငယ်သားတို့ တော်လှန်အံ့။

(20) ပွဲခံရသည်ကိုလည်းကောင်း၊ ပွဲလမ်းသဘင်ကိုလည်းကောင်းမြင်မက်မူ မကောင်း၊ သေပျောက်တတ်၏။

(21) ပျဉ်တလားတွင်းသို့ ဝင်ရသည်ဟု မြင်မက်မူ မကောင်း

(22) ပိတုန်းတုပ်သည်ဟု မြင်မက်မူ ရန်တွေ့အံ့

(23) ပါးစပ်ပဲ့သည်ဟု မြင်မက်မူ အလိုရှိသောစကားကို မပြောနိုင်ဘဲဆွံ့အနေအံ့။

(24) ပတ္တမြားရသည်ဟု မြင်မက်မူ သားကောင်း ရအံ့