[ ဖ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ဖျာလှုပ်သည်ဟု မြင်မက်မူ လာဘ်ရအံ့

(2) ဖွဲမီးတငွေ့ငွေ့ကို မြင်မက်မူ အလွန်ပူအံ့

(3) ဖိနပ်စီးရသည်ဟု မြင်မက်မူ အသရေတိုးအံ့

(4) ဖယောင်းတိုင်ကို မြင်မက်မူ စိတ်ချမ်းသာအံ့

(5) ဖယောင်းတိုင် မီးလင်းနေသည်ကို မြင်မက်မူနတ်ကောင်းနတ်မြတ်တို့ မ စအံ့။

(6) ဖရဲသီး မြင်မက်မူ သားကောင်းရအံ့

(7) ဖရဲသီးစားရသည် မြင်မက်မူ ရောဂါဝေဒနာ ကင်းရှင်းအံ့

(8) ဖောင်တိန်လက်ဆောင်ရသည် မြင်မက်မူ စာပေ၌အထူးအောင်မြင်ကျော်စောအံ့။

(9) ဖောင်တိန်ကို မြင်မက်မူ စာပေ၌ ကျော်စောအံ့

(10) ဖန်ခွက်ရေအပြည့်နှင့်မြင်မက်မူ မင်္ဂလာပွဲများ ခင်းကျင်းရအံ့