[ ဘ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ဘုရားရုပ်ထုတော် မိမိဦးခေါင်း၌ တည်ရှိသည်ဟု မြင်မက်မူအကြီးအကဲတို့ ချီးမြှောက်အံ့။

(2) ဘုရားရုပ်ထုတော် မိမိလက်ဝဲ၊ လက်ယာ ပခုံးတို့၌ တည်ရှိသည်ကိုမြင်မက်မူ ကြီးမြင့်သော အခြွေအရံ ပရိသတ်ရအံ့။

(3) ဘုရားရုပ်တုတော် မိမိခြေရင်း၌ တည်ရှိသည်ဟု မြင်မက်မူ ရှိပြီးအကြီးအကဲသည် ရာထူးသက်လျှော၍ မိမိသည်ပင်အကြီးအကဲဖြစ်အံ့။

(4) ဘုရားရုပ်တုတော် ကြွသွားတော်မူသည်ဟု မြင်မက်မူဘုန်းကျက်သရတေိုးအံ့။

(5) ဘုရားရုပ်ပွားတော် ဖူးတွေ့ရသည်ဟု မြင်မက်မူ တစ်နေ့တခြားကျော်စောအံ့။

(6) ဘုရားရုပ်တုတော်၊ စေတီတော်၊ ပုထိုးတော်တို့ကို မြင်မက်မူနတ်ကောင်းနတ်မြတ်တို့ ချစ်အံ့။

(7) ဘုရားရုပ်တုတော် မကောင်းသောအခြင်းအရာဖြင့်ကြွသွားသည်ကိုမြင်မက်မူ ဘုန်းကျက်သရေ ဆုတ်ယုတ်အံ့။

(8) ဘုရားရုပ်ပွား၊ စေတီ၊ ပုထိုးကို မကောင်းသော အခြင်းအရာအားဖြင့်မြင်မက်မူ နတ်ကောင်းနတ်မြတ်တို့ မချစ်ခင်သဖြင့် ဥပါဒ်ရောက်အံ့။

(9) ဘုရားရုပ်ပွားတော်၊ ဆင်းတုတော် တရားဟောသည်ကို မြင်မက်မူကျော်စောအံ့။

(10) ဘုရားရုပ်ပွားတော်၊ ဆင်းတုတော် တရားဟောသည်၊စကားပြောသည်ကို ကြားရသည်ဟု မြင်မက်မူ ကျော်စောအံ့။

(11) ဘုရားရှိခိုးသည်ဟု မြင်မက်မူ ချမ်းသာသုခတိုးအံ့

(12) ဘုရားရုပ်တုတော်ကို ဖက်ရသည်ဟု မြင်မက်မူကျက်သရေတိုးအံ့။

(13) ဘုရားဓာတ်တော်ရသည်ဟု မြင်မက်မူ ကျက်သရေတိုးအံ့

(14) ဘုရားဓာတ်တော်မြင်ရသည်ဟုမြင်မက်မူ ကျက်သရေ တိုးတက်အံ့