[ မ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) မိမိရူးသည်ဟု မြင်မက်မူ လာဘ်ရအံ့

(2) မိမိအူကို ထုတ်၍ ပတ်ရသည်ဟု မြင်မက်မူ သြဇာအာဏာအရှိန်အဝါကြီးမားအံ့။

(3) မိကျောင်းဖမ်းသည် မြင်မက်မူ လာဘ်ရအံ့

(4) မိကျောင်းစီးရသည် မြင်မက်မူ ရန်သူကို နိုင်အံ့

(5) မိကျောင်းစွယ်ကို ရင်ခွင်ပိုက်သည်ဟု မြင်မက်မူ ရာထူးကြီးအံ့

(6) မိကျောင်းသား စားရသည်ဟု မြင်မက်မူ လာဘ်ကြီးအံ့

(7) မိန်းမကို ဆွဲရသည်ဟု မြင်မက်မူ ချမ်းသာကြွယ်ဝအံ့

(8) မိန်းမနှင့် အတူ အိပ်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့

(9) မိန်းမကို နားထွင်းရသည်ဟု မြင်မက်မူ ရွှေရအံ့

(10) မိန်းမအမွေးအမျှင်ရှည်သည်ကို မြင်မက်မူ ချမ်းသာအံ့

(11) မျက်စိမှိတ်သည်ဟု မြင်မက်မူ အရမ်းကာရော ပြုမိအံ့

(12) မျက်စိဖွင့်သည်ဟုမြင်မက်မူကောင်းကျိုး၊ မကောင်းကျိုးကို မြင်ရအံ့

(13) မျက်စိကြည်လင်သည်ဟု မြင်မက်မူ ကောင်းသော ဉာဏ်တိုးအံ့

(14) မျက်စိ၌ အမှိုက်ဝင်သည်ဟု မြင်မက်မူ အနိဠာရုံကို ရအံ့

(15) မျက်စိ၌ တိမ်သလ္လာကျသည်ဟု မြင်မက်မူ အသိဉာဏ်နည်းပါးအံ့

(16) မျက်စိ၌ မျက်ချီးများသည်ဟု မြင်မက်မူ အရှိန်အစော်မဲ့အံ့

(17) မျက်စိပျက်သည်ဟု မက်မူ မှားယွင်းသော အယူကိုရအံ့

(18) မျက်စိထွက်သည်ဟု မက်မူ သားသမီးတို့ ထွက်ပြေးတတ်အံ့

(19) မီးပုံမှ အခိုးအလျှံထွက်သော မီးကို မြင်မက်မူ ပညာရှိ ပေါ်ထွန်းအံ့

(20) မီးထည့်ရသည်၊ မီးဖုတ်ရသည်၊ မီးရှို့ရသည်၊ မီးတိုက်ရသည်ဟုမြင်မက်မူ ရပ်ရွာကြီးကဲ ဖြစ်အံ့။

(21) မီးတန်ဆောင် ညှိထွန်းရသည်ဟု မြင်မက်မူ ပညာတတ်အံ့

(22) မီးမှုတ် မက်မူ အကြီးအကဲဖြစ်အံ့

(23) မီးတငွေ့ငွေ့မြင်မက်မူ စိတ်နှလုံးပူပန်ရအံ့

(24) မြွေငန်းစီးရသည်ဟု မြင်မက်မူ ရောဂါဖြစ်အံ့

(25) မြွေကိုက်သည်ကို မြင်မက်မူ လူလိမ်ခံရအံ့

(26) မြွေကို ခါးပိုက်ပိုက်ရသည်ကို မက်မူ အတွင်းရန်ဖြစ်ပေါ်အံ့

(27) မြွေခဲသည်ကို မြင်မက်မူ သားသမီးရ၍ အစွဲရှိအံ့

(28) မြွေခံသည်ကို မြင်မက်မူ လာဘ်ရအံ့

(29) မြွေစိမ်းကိုက်သည်ကို မြင်မက်မူ လူလိမ်တွေ့ရအံ့

(30) မြွေပွေး၊ မြွေဟောက်ကိုက်လိုက်သည်ကို မြင်မက်မူ လူဆိုးတို့လိမ်ရန် လာအံ့။

(31) မြေတူးရသည်ဟု မြင်မက်မူ မကောင်း

(32) မြေဇာပန်း ပန်ရသည်ဟု မြင်မက်မူ ပညာရှိ ဆရာတစ်ဆူဖြစ်အံ့

(33) မြင်းမိုရ်တောင် ခေါင်းအုံးရသည်ကို မြင်မက်မူ လူအများပူဇော်ခြင်းကို ခံရအံ့။

(34) မြင်းမိုရ်တောင်သို့ တက်ရသည်ဟု မြင်မက်မူ လူချစ်လူခင်များအံ့

(35) မြင့်ရာမှ နိမ့်ကျသည်ဟု မြင်မက်မူ မကောင်း

(36) မြင့်သောအရပ်ကို တက်ရသည်ဟု မြင်မက်မူ လူတကာတို့ထက်မြင့်မြတ်ရအံ့။

(37) မန်ကျည်းသီး စားရသည်ကို မြင်မက်မူ သူကောင်းဖြစ်အံ့

(38) မိုးရေထဲ ပျော်ပါးရသည်ကို မြင်မက်မူ ဥစ္စာပစ္စည်းရအံ့

(39) မစင်လိမ်းကျန်ရသည်ကို မြင်မက်မူ ပစ္စည်းဥစ္စာရအံ့

(40) မှိုချက်စားရသည်ကို မြင်မက်မူ လာဘ်ရအံ့

(41) မြစ်ရေသောက်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ထက်ကျော်စောထင်ရှားအံ့။

(42) မုန်တိုင်းထန်သည်ကို မြင်မက်မူ ကြောင့်ကြများအံ့များအံ့။

(43) မျှော့တွယ်သည်ကို မြင်မက်မူ အကြီးအကဲဖြစ်အံ့

(44) မောင်းတိုဆောင်းရသည်ကို မြင်မက်မူ အကြီးအကဲ ဖြစ်အံ့

(45) မကောင်းသောရေကို သွန်းလာသည်ကို မက်မူ ပျက်စီးအံ့

(46) မကာရ်းကို ဖမ်းမက်မူ လာဘ်ရအံ့