[ ခ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ခရုသင်းကို မြင်မက်မူ ဘေးဥပါဒ်ပျောက်ကင်းအံ့

(2) ခရုသင်းပေးလာသည်ကို မြင်မက်မူ အကျင့်မြတ်သူ သန္ဓေတည်အံ့ခရုသင်းမှုတ်ရသည်ဟု မြင်မက်မူ စည်းစိမ်တိုးအံ့။

(3) ခွေးကိုက်သည်ဟု မြင်မက်မူ အမှောင့်ပယောဂ ကိုယ်သို့ကပ်အံ့

(4) ခေါင်းဖြီးသည်ဟုမြင်မက်မူ မိဘတို့အကျော်အစောရှိအံ့ပျောက်အံ့။

(5) ခံတွင်းသို့ မကောင်းသောအနံ့ဝင်သည်ဟု မြင်မက်မူ သီချင်းကျက်မှတ်ရအံ့။ ခံတွင်းက အနံ့မကောင်းထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။ ခံတွင်းက ကောင်းသောအနံ့ ထွက်သည်ဟု မြင်မက်မူ ကောင်းသော စကားကို ဆိုရအံ့။

(6) ခံတွင်းသို့ မွှေးကြိုင်သော ရနံ့ ဝင်သည်ဟု မြင်မက်မူ လောကုတ္တရာကျမ်းစာကျက်မှတ်ရအံ့။ ခံတွင်းက အပုပ်နံ့ထွက်သည်ဟု မြင်မက်မူယုတ်မာသော စကားကို ဆိုရအံ့။

(7) ခံတွင်းဖြင့် လက်နက်ကို ယူရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့

(8) ခြေလက်တိုသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့

(9) ခြေသည်းလက်သည်းတို့ကို လှီးရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့။ အထက်လူကြီးများ ချစ်ခင်အံ့။

(10) ခြေသည်းလက်သည်းတို့ကို ရေတွက်ရသည်ဟု မြင်မက်မူအသက်ရှည်အံ့။

(11) ခြင်္သေ့ကို စီးသွားသည် မြင်မက်မူ စီးသူ ကြီးပွားချမ်းသာအံ့ခင်ပုပ်ငှက်သံကို ကြားရသည်မြင်မက်မူ အနာဖျားသင့်အံ့။

(12) ခရီးသွားရသည်ဟု မြင်မက်မူ အကြံမြောက်အံ့

(13) ခိုးသူတို့ အရပ်လေးမျက်နှာမှ လာသည်ကို ဖမ်းမိသည်ဟုမြင်မက်မူ ချမ်းသာအံ့။

(14) ချွေးထွက်၊ သွေးထွက်သည်ကို မြင်မက်မူ ဘုနုးကြီးအံ့

(15) ချွန်းတောင်းလက်ဆွဲရသည်ဟု မြင်မက်မူ အကြီးအကဲဖြစ်အံ့

(16) ချောင်းအကြည်၊ ကန်အကြည်ကို မြင်မက်မူ ဝန်ထမ်းဖြစ်အံ့

(17) ချိုးသား၊ ကြက်သားကို စားရသည်ဟု မြင်မက်မူ လာဘ်ရအံ့

(18) ခုံညင်းကစားရသည်ဟု မြင်မက်မူ အကြီးအကဲ ဖြစ်အံ့

(19) ခြူ၊ ဆည်းလည်းလှုပ်သည်ဟု မြင်မက်မူ မကောင်း

(20) ခင်ပုပ်ငှက်မြည်သံကို ကြားရသည် မြင်မက်မူ အနာကြီးသင့်ရာ၏