[ ရ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ရွှေကိုဖြစ်စေ၊ ငွေကိုဖြစ်စေ မြင်မက်မူ ယောက်ျားမှာမယားကောင်းရအံ့။

(2) ရွှေရတနာ ပတ္တမြားစသော ရတနာတို့ကို မြင်မက်မူကောင်းကျိုးရအံ့။

(3) ရွှေလက်ဖွဲ့ဝတ်ရသည်ဟု မြင်မက်မူ ယောက်ျား၌ မယားရအံ့

(4) ရွှေဟင်္သာ တရားဟောသည်ကို နာကြားရသည်ဟု မြင်မက်မူဘုန်းကျက်သရေတိုးအံ့၊ စိတ်ချမ်းသာအံ့။

(5) ရွှေလက်ကောက်ဝတ်မက်မူ ကြီးသောသူတို့ ချီးမြှင့်ခံရအံ့

(6) ရွှေငွေအား အစိုးရသည်ကို မြင်မက်မူ ချမ်းသာအံ့

(7) ရွှေခွက်နှင့်ထည့်၍ ထမင်းစားရသည် မြင်မက်မူ ထီပေါက်အံ့ကြီးကျယ်သော လာဘ်ရအံ့။

(8) ရေကြည်ကို မြင်မက်မူ အလွန်စိတ်ချမ်းသာအံ့

(9) ရေနောက်ကို မြင်မက်မူ အလွန်စိတ်မချမ်းသာအံ့

(10) ရေထဲ၌ မြွေ၊ ကင်းတို့ကို မြင်မက်မူ ချမ်းသာရောက်အံ့

(11) ရေကန်၏အလယ် ကြာထက်၌ နို့ဃနာ စားရသည်ကို မြင်မက်မူသူတစ်ပါးထက် ကြီးကျယ်မြင့်မြတ်သူ ဖြစ်အံ့။

(12) ရေသောက်ရသည်ဟု မြင်မက်မူ ဂုဏ်သတင်းတိုးအံ့

(13) ရေအိုးတွင် လ ကျသည်ဟု မြင်မက်မူ ဘုန်းတန်ခိုးကြီးအံ့

(14) ရဟန်းသာမဏေ၊ ရသေ့တို့၏ မကောင်းသောအခြင်းအရာမြင်မက်မူ သမ္မာဒေဝနတ်တို့ မုန်းသဖြင့် ဥပါဒ်ရောက်အံ့။

(15) ရဟန်း၊ ပုဏ္ဏားနှင့် ကြုံရ မြင်မက်မူ ချမ်းသာအံ့

(16) ရဟန်း၊ ပုဏ္ဏားနှင့် စကားပြောရ မြင်မက်မူ ချမ်းသာအံ့

(17) ရဟတ်ကို မြင်မက်မူ မကောင်း

(18) ရှောက်သီး၊ သံပုရာသီး စားရသည်ကို မက်မူ လာဘ်ရအံ့

(19) ရထားစီးရသည်ကို မြင်မက်မူ မယားကောင်းရအံ့

(20) ရုပ်ထုကို ဖက်ရသည် မြင်မက်မူ ချမ်းသာကြွယ်ဝအံ့

(21) ရွှံ့စင်၊ ရွှံ့ထိမက်မူ မကောင်းသတင်း ဖြစ်အံ့

(22) ရွှံ့ နားဝင်မက်မူ ကျက်သရေ ယုတ်အံ့

(23) ရယ်စရာပြုမက်မူ ဝမ်းမြောက်စရာ ကိစ္စဖြစ်အံ့