[ လ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) လှေစီးရသည်ကို မြင်မက်မူ ချမ်းသာတိုးအံ့

(2) လှေစီးစဉ် ရေနစ်သည်ဟု မြင်မက်မူ ပစ္စည်းဥစ္စာပျက်စီးအံ့

(3) လှေစီးလျက် မြစ်ကို ပင်ပန်းစွာ ကူးရသည်ဟု မြင်မက်မူအရပ်တစ်ပါးပြောင်းပြီး ပြန်ရအံ့။

(4) လက်နက်ကို ဖက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့

(5) လက်ကတုံးတိုင်မ လဲသည်ကို မြင်မက်မူ မယားသေအံ့

(6) လက်ကတုံးတိုင်မ လဲသည်ကို မြင်မက်မူ မက်သူ သေအံ့

(7) လက်ကတုံးတိုင် လဲသည် မြင်မက်မူ ကိုးကွယ်ထားသောအကြီးအကဲ သေအံ့။

(8) လူသေကို မြင်မက်မူ စကားဟောင်းပေါ်အံ့

(9) လူဦးခေါင်းပြတ်သည်ကို မြင်မက်မူ ရန်အောင်အံ့

(10) လူသားစားရသည်ကို မြင်မက်မူ အထွတ်အထိပ်သို့ ရောက်အံ့

(11) လူသားကို ဓားနှင့်လှီး၍ စားရသည်ကို မြင်မက်မူ လူဖြစ်လျှင်အကြီးအကဲဖြစ်အံ့။ ရဟန်းဖြစ်မူ မင်းဆရာ သာသနာပိုင်ဖြစ်အံ့။

(12) လှည်း၊ ပျဉ်၊ တံစဉ်း၊ ဆုံ၊ ချားရဟတ်ကို မြင်မက်မူသူမကောင်းကြံတတ်အံ့။

(13) လှည်းဘီးကို မြင်မက်မူ အကြီးအကဲဖြစ်အံ့

(14) လက်ကောက်၊ လက်စွပ်၊ ခြေကျင်း ဝတ်ရသည်ဟု မြင်မက်မူသားကောင်းရအံ့။

(15) လက်ကောက်၊ နားထောင်း၊ ဆံကျင် ဝတ်ရသည်ကို မြင်မက်မူရာထူးရာခံရအံ့။

(16) လက်ကောက်ဝတ်ဆင်မက်မူ သားကောင်းရအံ့

(17) လက်ကိုလည်းကောင်း၊ ပေါင်ကိုလည်းကောင်း၊ ရင်ကိုလည်းကောင်း ကျော့ကွင်းဖွဲ့မြင်မက်မူ သားသမီးရအံ့။

(18) လူတို့၏ အူအချင်းကို စားရသည် မြင်မက်မူ ကြွယ်ဝချမ်းသာအံ့လူ၏ ဦးခေါင်းကို စားရသည်ကို မြင်မက်မူ ထင်ရှားကျော်ကြားအံ့။

(19) လက်ယာအံသွားကျိူးသည်ကို မြင်မက်မူ အမျိုးယောက်ျားတို့၌ဥပါဒ်ဖြစ်အံ့။

(20) လက်ဝဲ အံသွားကျိုးသည်ကို မြင်မက်မူ အမျိုးမိန်းမတို့၌ဥပါဒ်ဖြစ်အံ့။

(21) လက်စွပ်ဝတ်ရသည်ဟု မြင်မက်မူ သူစွပ်စွဲအံ့

(22) လက်ဝါးထက် ကြာပန်းရောက်သည်ကို မြင်မက်မူ ကျော်စောအံ့လွှားကစားရသည်ကို မြင်မက်မူ မကောင်း။

(23) လည်တို၍ ဦးသျှောင်လှီးမက်မူ နာဖျားတတ်အံ့

(24) လည်ပင်းတိုသည် မြင်မက်မူ နာဖျားတတ်အံ့

(25) လောက်ဖမ်းရသည်ကို မြင်မက်မူ အစားအသောက် ဆန်စပါးပေါများအံ့။

(26) လက်ယာလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသားတို့ကြီးပွားအံ့။

(27) လက်ဝဲလက်ချောင်းတို့ ကြီးသည်ကို မြင်မက်မူ အမျိုးသမီးတို့ကြီးပွားအံ့။

(28) လက်ယာလက်သည်း ပုပ်သည် မြင်မက်မူ သား နာဖျားအံ့

(29) လက်ဝဲလက်သည်း ပုပ်သည် မြင်မက်မူ သမီးဖျားနာအံ့

(30) လက်သည်းရှည်သည် မြင်မက်မူ အသက်ရှည်အံ့

(31) လက်ဝဲခြေသည်းပုပ်သည် မြင်မက်မူ အမျိုးသမီး နာဖျားအံ့

(32) လက်ယာခြေသည်း ပုပ်သည် မြင်မက်မူ အမျိုးသား၌ နာဖျားအံ့

(33) လက်ယာခြေသည်းပွင့်သည် မြင်မက်မူ အမျိုးသား၌ လာဘ်ရအံ့လက်ဝဲခြေသည်းပွင့်သည်ကို မြင်မက်မူ အမျိုးသမီး၌ လာဘ်ရအံ့။

(34) လက်ယာလက်သဲပွင့်သည်ကို မြင်မက်မူ သား၌ လာဘ်ရအံ့လက်ဝဲလက်သဲပွင့်သည်ကို မြင်မက်မူ သမီး၌ လာဘ်ရအံ့။

(35) လက်ယာပေါင်ကြီးသည်ကို မြင်မက်မူ ကိုယ့်အောက်နိမ့်သူအမျိုးသားတို့ ကြီးပွားအံ့။ လက်ဝဲပေါင်ကြီးသည် မြင်မက်မူကိုယ့်အောက်နိမ့်သူ အမျိုးသမီးတို့ ကြီးပွားအံ့။

(36) လက်ယာပေါင် ကြုံလှီသည်ကို မြင်မက်မူ ကိုယ့်အောက်ငယ်သူအမျိုးယောက်ျားတို့ ညှိုးနွမ်းအံ့။ လက်ဝဲပေါင် ကြုံလှီသည်ကိုမြင်မက်မူ ကိုယ့်အောက်ငယ်သူ အမျိုးသမီးတို့ ညှိုးနွမ်းအံ့။

(37) လက်ဝဲပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးမိန်းမတို့ နာဖျားအံ့

(38) လက်ယာပေါင်ပဲ့သည်ကို မြင်မက်မူ အမျိုးသားယောက်ျားတို့ဖျားနာအံ့။

(39) လက်ယာခြေသလုံးကြီးသည် မြင်မက်မူ အမျိုးယောက်ျားတို့ကြီးပွားအံ့။

(40) လက်ဝဲခြေသလုံးကြီးသည် မြင်မက်မူ အမျိုးမိန်းမတို့ ကြီးပွားအံ့

(41) လက်ယာခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးယောက်ျားတို့နွမ်းနယ်အံ့။

(42) လက်ဝဲခြေသလုံး ကြုံလှီသည် မြင်မက်မူ အမျိုးမိန်းမတို့နွမ်းနွယ်အံ့။

(43) လက်ယာခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးယောက်ျားတို့နာဖျားအံ့။ လက်ဝဲခြေသလုံးပဲ့သည် မြင်မက်မူ အမျိုးမိန်းမတို့ဖျားနာအံ့။

(44) လက်ယာလက်မောင်းကြီးသည် မြင်မက်မူ သား၊ညီတို့ကြီးပွားချမ်းသာအံ့။ မြင်မက်သူက မိန်းမဖြစ်မူ သားအကြီး၊ မောင်အကြီး

(45) လက်ဝဲလက်မောင်းကြီးသည်ဟုမြင်မက်မူ သမီး၊ နှမတို့ ကြီးပွားအံ့။

(46) လက်ယာလက်ရုံး ပွန်းပဲ့သည်ဟု မြင်မက်မူ နှမ၊ သားသမီးတို့နာဖျားအံ့။ မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။

(47) လက်ဝဲလက်ရုံးပဲ့သည် မြင်မက်မူ နှမ၊ သားသမီးတို့ နာဖျားအံ့၊မိန်းမမက်မူ သမီး၊ ညီမတို့ နာဖျားအံ့။

(48) လက်ယာလက်မောင်းကြုံလှီသည် မြင်မက်မူ ညီနှင့် သားတို့နာဖျားအံ့။ လက်ဝဲလက်မောင်း ကြုံလှီသည်ကို မြင်မက်မူ နှမနှင်သမီးတို့ နာဖျားအံ့။

(49) လက်ယာလက်မောင်းသွေးယိုသည်ဟု မြင်မက်မူ ညီ၊ သားတို့တစ်ရပ်တစ်ပါးသို့ ပြောင်းရွှေ့သွားရအံ့။

(50) လက်ဝဲလက်မောင်း သွေးယိုသည်ဟု မြင်မက်မူ ညီမ၊ သမီးတို့တစ်ပါးသို့ ပြောင်းရွှေ့သွားအံ့။

(51) လက်ယာဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည်မြင်မက်မူ သားနှင့်ညီတို့၏ သားသမီးများ ကြီးပွားအံ့။

(52) လက်ဝဲဘက် လက်ငါးချောင်းတွင် တစ်ချောင်းကြီးသည် မြင်မက်မူသမီးနှင့် ညီမတို့၏ သားသမီးများ ကြီးပွားအံ့။

(53) လက်ယာလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သားနှင့် ညီတို့၏သားသမီးများ နာဖျားအံ့။

(54) လက်ဝဲလက်ချောင်း ပွန်းပဲ့သည်ဟု မြင်မက်မူ သမီးနှင့်ညီမတို့၏သားသမီးများ နာဖျားအံ့။

(55) လက်ယာဘက်လက်ချောင်း ပြတ်သည်ဟု မြင်မက်မူသားနှင့်ညီတို့၏ သားသမီးများ ပျက်စီးအံ့။ လက်ဝဲလက်ချောင်းပြတ်သည်ဟုမက်မူ သမီးနှင့်ညီမတို့၏ သားသမီးများ ပျက်စီးအံ့။

(56) လက်ယာနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်း မိတ်ဆွေတို့ကြီးပွားအံ့။ လက်ဝဲနား ကြီးသည်ဟု မြင်မက်မူ ဆွေရင်းမျိုးရင်းမိတ်ဆွေတို့ ညှိုးနွမ်းအံ့။

(57) လဲသည်ဟု မြင်မက်မူ တရားရှုံးအံ့

(58) လေးမျက်နှာမှလာ၍ ခိုးသူကို ဖမ်းမက်မူ ချမ်းသာအံ့

(59) လိပ်၊ ငါး စားရသည်ကို မြင်မက်မူ စပါးဆန်ရေ အစားအစာပေါကြွယ်ဝအံ့။

(60) လိပ်ဥ၊ ဖွပ်ဥမှစ၍ ဥအမျိုးမျိုးစားရသည်ကို မြင်မက်မူဆင်းရဲသော်လည်း ကြွယ်ဝချမ်းသာအံ့။

(61) လိပ်၊ ငါး ဖမ်းရသည် မြင်မက်မူ ဆန် စပါး ရအံ့

(62) လိင်တိုသည်ကို မြင်မက်မူ မယားအနိုင်ကျင့်ခံရအံ့

(63) လယ်၌ ကြာရောက်သည် ကြာပေါက်သည်ကို မြင်မက်မူ အများ၏ခေါင်းဆောင်ဖြစ်အံ့။