[ သ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) သွေးကို ရေချိုးရသည်ဟု မြင်မက်မူ ချမ်းသာအံ့

(2) သွေးပေါက်ယိုစီးသည်ဟု မြင်မက်မူ ဘုန်းကြီးအံ့

(3) သွေးကိုလည်းကောင်း၊ မြေပြင်၌ လက်နက်တိုက်ကိုလည်းကောင်း၊မြူတိမ်ကင်းစော ကောင်းကင်ကိုလည်းကောင်း၊ နတ်ကိုလည်းကောင်း၊ ပုဏ္ဏားကိုလည်းကောင်း မြင်မက်မူ ချမ်းသာအံ့။

(4) သမုဒ္ဒရာကိုရေကူးရသည်ကိုမြင်မက်မူ တိုင်းပြည်ခေါင်းဆောင်ဖြစ်အံ့

(5) သမုဒ္ဒရာ၌ အိပ်ရာပြု၍ မိန်းမပေါင်းခြံရံလျက်ကာမဂုဏ်ခံစားရသည် ကို မြင်မက်မူ မင်းစိုးရာဇာဖြစ်အံ့။

(6) သမုဒ္ဒရာရေကို သောက်ရသည် မြင်မက်မူအလွန်ကျော်စောထင်ရှားအံ့။

(7) သားသမီးရသည် မြင်မက်မူ ချမ်းသာအံ့

(8) သားငါးစားရ၊ မိချောင်းစားရ မြင်မက်မူ လာဘ်ကြီးအံ့

(9) သစ်သီးစားရသည်၊ မြိန်သောအရသာကို စားရသည်ကို မြင်မက်မူလာဘ်ကြီးအံ့။

(10) သစ်သီးလွယ်ပိုးရသည်ဟု မြင်မက်မူ ကောင်းအံ့

(11) သူတောင်းစားကို မြင်မက်မူ စစ်သည်ဗိုလ်ပါ ဖြစ်အံ့

(12) သူကောင်းကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့

(13) သူငယ်ကို ချီရသည်ကို မြင်မက်မူ လာဘ်ရအံ့

(14) သူတစ်ပါး သားမယားကို ကျူးလွန်သည်ဟု မြင်မက်မူ မကောင်း၊ဖျားနာအံ့။ သူတစ်ပါးကို စည်းတား ကန့်ကွက်ရသည်ဟု မြင်မက်မူမကောင်း။

(15) သူခိုးကို ခုတ်ဖြတ်ရသည် မြင်မက်မူ အန ္တရာယ်ပျောက်အံ့

(16) သူ့မျက်စိ၊ သူ့ဦးခေါင်းထုတ်မြင်မက်မူ စည်းစိမ်ဥစ္စာများအံ့

(17) သာယာသောအသံကို ကြားရသည်ဟု မြင်မက်မူ စိတ်ချမ်းသာ၍သတင်းကောင်းကြားရအံ့။

(18) သပတ်၊ ပရိက္ခရာတို့ကို မြင်မက်မူ လာဘ်ရအံ့

(19) သေရည်သေရက် သောက်ရသည်ဟု မြင်မက်မူကြောင့်ကြများအံ့။

(20) သေသူထသည်မြင်မက်မူ စကားဟောင်းပေါ်အံ့

(21) သင်္ဘောစီးရသည် မြင်မက်မူ သူတစ်ပါးထက် မြတ်အံ့

(22) မိန်းမမက်မူ လင်ရအံ့

(23) သွားနာသည်၊ နဲ့သည်၊ ယိုင်သည် မြင်မက်မူ ဥစ္စာလျှောအံ့ဖျားနာအံ့။

(24) သိန္ဓောမြင်းကို ရသည်ဟု မြင်မက်မူ အသက်ရှည်အံ့