[ အ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) အိမ်ကို ဆူးရံသည်ဟု မြင်မက်မူ (သို့မဟုတ်) စည်းစောင်ရမ်းကာရံသည်ဟု မြင်မက်မူ ချမ်းသာအံ့။

(2) အိမ်စောင်း၍ သွားသည်ဟု မြင်မက်မူ ဖရိုဖရဲ အရှက်ကွဲအံ့အိမ်ပြုသွားသည်ဟု မြင်မက်မူ အိမ်ရှင်တို့ အရှက်ရ၍ အကျိုးမဲ့အံ့။

(3) အိမ်ရှိသည့်အရပ်၌ လဟာပြင်ကွင်းအထိ မြင်မက်မူ ၎င်းအရပ်၌မီးလောင်အံ့။ အိမ်၌ ထင်းပေါက်ရသည်ဟု မြင်မက်မူ မိုးကြိုးကျအံ့။

(4) အိမ်မီးလောင်သည်ဟု မြင်မက်မူ ဘေးရောက်အံ့

(5) အိမ်ပြို၊ ဘုရားပြို၊ သစ်ပင်ကျိုးသည်ကို မြင်မက်မူ ဘေးရောက်အံ့အိမ်ဝန်းကျင်၌ မှိုပေါက်သော် မိုးကြိုးကျအ့။

(6) အိမ်ဝင်းထဲ၌ ဆင်၊ မြင်း၊ နွားသွားသည်ကို မြင်မက်မူကောင်းကျိုးရအံ့။ အိမ်ခေါင်မိုးသို့တက်၍ ရေသောက်ရသည်ဟုမြင်မက်မူ အကြီးအကဲဖြစ်အံ့။

(7) အိမ်တွင် ခရမ်းပင်စိုင်သည်ဟု မြင်မက်မူ မကောင်း

(8) အိမ်သစ်ထက်၌ စောင်းတီးသည်ဟု မြင်မက်မူ မင်းဆရာဖြစ်အံ့

(9) အိမ်ရာထောင်ရသည်ဟု မြင်မက်မူ လာဘ်ရအံ့

(10) အုန်းသီး၊ ထန်းသီးကို မြင်မက်မူ လာဘ်ရအံ့

(11) အုန်းသီး၊ ထန်းသီးစားရသည်ဟု မြင်မက်မူ လာဘ်ရအံ့

(12) အေးယာဉ်စီးရသည်ဟူ၍လည်းကောင်း၊ ဝက် စီးရသည်ဟူ၍လည်းကောင်း မြင်မက်မူ သေအံ့။

(13) အိုးမည်းလိမ်းကျံရသည်ဟု မြင်မက်မူ မကောင်း

(14) အိုးလည်ပြတ်သည်ကို မြင်မက်မူ မကောင်း

(15) အဝတ်မည်းကို ဝတ်သော သတို့သမီးသည် မည်းသောပန်းကိုပန်လျက် တစ်စုံတစ်ခု စွဲကိုင်သည်ကို မက်မူ သေပျောက်တတ်အံ့။

(16) အဝတ်ရွှေရောင်ဝတ်သော အမျိုးသမီးသည် ရွှေရောင်ပန်းကိုပန်လျက် တစ်စုံတစ်ခုစွဲကိုသ်သည်ကို မြင်မက်မူ ရာထူးကြီးကိုရ

(17) အဝတ်ဖြူဝတ်သော အမျိုးသမီးသည် ဖြူသော ပန်းကိုပန်လျက် တစ်စုံတစ်ရာကိုကိုင်သည်ကို မြင်မက်မူ ကြီးပွားတိုးတက်အံ့။

(18) အရူးလှည့်ပတ်ခံရသည်ဟု မြင်မက်မူ သွားလေရာ အရပ်တိုင်းလာဘ်ရအံ့။

(19) အနှိပ်စက်ခံရသည်ဟု မြင်မက်မူ သွားလေရာအရပ်တိုင်းလာဘ်ရအံ့။

(20) အစွယ်ရှိသော သတ္တဝါ၊ ဦးချိုရှိသော သတ္တဝါနှင့် မျောက်၊ဝက်တို့၏ အနှိပ်စက်ခံရသည်ဟု မြင်မက်မူ ရာဇဝတ်သင့်အံ့။

(21) အဆင်းလှသော ဦးပြည်ကတုံးမိန်းမနှင့် ကာမစပ်ယှက်သည်ဟုလည်းကောင်း၊ ထိပါးရသည်ဟုလည်းကောင်း မြင်မက်မူ ယောက်ျားမြတ်တို့၏ ဆရာခံရအံ့။

(22) အထက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ သား၌ ဥပါဒ်ဖြစ်အံ့

(23) အယူမှားသော သူကို မြင်မက်မူ မိစ္ဆာနတ် နှောင့်ယှက်တတ်အံ့အလိုမတူသူနှင့် ပေါင်းဖော်ရသည်ဟု မြင်မက်မူ သေတတ်အံ့။

(24) အရပ်လေးမျက်နှာ လူသူလေးပါးလာသည်ဟု မြင်မက်မူ လာဘ်ရအံ့။ အလွန်ကြီးသော ကျွဲ၊ နွားမြင်မက်မူ အလွန်ကောင်းအံ့။

(25) အပုပ်အစပ်ကို မြင်မက်မူ လာဘ်ရအံ့

(26) အူအပြင်ထွက်သည်ဟု မြင်မက်မူ ကျော်စောအံ့

(27) အသီးရှိသော သစ်ပင်သို့ တက်ရသည်ဟု မြင်မက်မူ ချမ်းသာအံ့

(28) အောက်ရှေ့သွားကျိုးသည်ဟု မြင်မက်မူ မကောင်း

(29) အသီးရှိသော သရက်ပင်၊ ဥသျှစ်ပင်တို့ကို မြင်မက်မူဥစ္စာတိုးပွားအံ့။

(30) အုတ်ခဲပစ်သည်ဟုမြင်မက်မူ အမှုရောက်အံ့

(31) အခိုးအလျှံတောင်သော မီးပုံကို မြင်မက်မူ လာဘ်ရအံ့

(32) အသံသည်းစွာ ငိုကြွေးရ မြင်မက်မူ ထင်ရှားအံ့

(33) အနှောင်အဖွဲ့ မြင်မက်မူ ဥစ္စာရအံ့အလွန်ကောင်းအံ့။

(34) အပုပ်စား မြင်မက်မူ လာဘ်ရအံ့မကောင်း။

(35) ဥအမျိုးမျိုးစားရသည်ဟု မြင်မက်မူ သူတစ်ပါး အပူဇော်ခံရအံ့

(36) ဥဗျိုင်းဝန်းရံသည်ဟု မြင်မက်မူ သူတစ်ပါး အပူဇော်ခံရအံ့

(37) ဥဒေါင်းသံကို ကြားရသည်ဟု မြင်မက်မူသတင်းကောင်းကြားရအံ့။

(38) ဥယျာဉ်ခြံတို့ကို မြင်မက်မူ လာဘ်ရအံ့

(39) ဦးထုပ်ဆောင်းရသည်ဟု မြင်မက်မူ ချမ်းသာအံ့

(40) ဦးခေါင်းထက်၌ ကြာညိုရောက်သည်ဟု မြင်မက်မူမယားကောင်းရအံ့။

(41) ဦးခေါင်းအပိုရသည်ဟု မြင်မက်မူ နာဖျားအံ့

(42) ဦးခေါင်းပြတ်သည်ဟု မြင်မက်မူ သေတတ်အံ့

(43) ဦးခေါင်းကြီးသည်ဟု မြင်မက်မူ မိဘ၊ ဆရာသမားတို့ကြီးပွားခြင်းသို့ ရောက်အံ့။

(44) ဦးခေါင်းဦးခေါင်းရှည်သည်ဟု မြင်မက်မူ ဆွေမျိုးရောက်အံ့

(45) ဦးခေါင်းပွန်းပဲ့သည်ဟု မြင်မက်မူ မိဘ၊ ဆရာသမားတို့ကြီးပွားခြင်းသို့ ရောက်အံ့။

(46) ဦးခေါင်းကွဲသည်ဟု မြင်မက်မူ မကောင်း

(47) ဦးခေါင်းရှည် မြင်မက်မူ ဆွေများရောက်အံ့၊ ပြန်ပွားအံ့