[ ဂ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ဂူလိုဏ်ကိုလည်းကောင်း၊ တံတိုင်းကိုလည်းကောင်း ပြုလုပ်ရသည်မြင်မက်မူ ချမ်းသာသုခကိုရ၍ ဘေးရန်မရှိတည်မြဲအံ့။

(2) ဂူ(သင်္ချိုင်း)ကို မြင်မက်မူ အမွေရအံ့၊ ထီပေါက်အံ့

(3) ဂျုံစားရသည်ကို မြင်မက်မူ လုံခြုံအံ့၊ အသက်ရှည်အံ့ဝင်ငွေတိုးအံ့၊ စိတ်ချမ်းသာအံ့။

(4) ဂမုန်းပင်ကို မြင်မက်မူ အကြီးအကျယ်စီးပွားဖြစ်အံ့မီးကွင်းဂမုန်းဖြစ်လျှင် ပူပင်သောက ကင်းဝေးအံ့။

(5) ဂုန်လျှော်ပင်များ စိုက်ရသည်ဟု မြင်မက်မူ သာယာသောအိမ်ထောင်ရေး ဖန်တီးရအံ့။

(6) ဂေါ်မုတ်ကျောက်ကို မြင်မက်မူ အေးချမ်းသာယာအံ့

(7) ဂေါက်သီးကစားရသည်ကို မြင်မက်မူ လိုအင်ဆန္ဒပြည့်စုံအံ့

(8) ဂျုံခင်းထဲ၌ သွားရသည်မြင်မက်မူ မြင့်မြတ်သော သူနှင့် လက်ထပ်ရအံ့၊ ချမ်းသာရန် နီးကပ်အံ့။