[ င ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ငှက်ပျောပင်ကို မြင်မက်မူ ရွာအရပ်ပြောင်းရအံ့

(2) ငှက်ပျောပင်ကို စိုက်ရသည်ဟု မြင်မက်မူ ရာထူးကြီးရအံ့

(3) ငှက်တော်ကို ဖမ်းမိသည်ဟု မြင်မက်မူ ပညာရှိဖြစ်အံ့

(4) ငရုတ်သီးကို စားရသည်ဟု မြင်မက်မူ ရာထူးတိုးတက်အံ့

(5) ငရုတ်၊ ချင်းစားရသည်ကို မြင်မက်မူ သူတကာတို့၏ ဆရာဖြစ်အံ့

(6) ငိုကြွေးရသည်ဟု မြင်မက်မူ လာဘ်ရအံ့