[ ဆ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ဆင်၊ မြင်း၊ ဗိုလ်ပါကို မြင်မက်မူ စိတ်ချမ်းသာအံ့

(2) ဆင်ပေါက် မြင်မက်မူ သူတစ်ပါးကိုးကွယ်ရာ ဖြစ်အံ့

(3) ဆင်၊ မြင်း၊ နွားတို့ကို မြင်မက်မူ ကောင်းစားအံ့

(4) ဆင်ဖြူချွန်းတင် မြင်မက်မူ သူကောင်းပြုခံရအံ့

(5) ဆင်စွယ်နှစ်ချောင်းဆွဲရသည်ကို မြင်မက်မူ ထင်ရှားကျော်စောအံ့

(6) ဆင်ဖြူစီး၍ကောင်းကင်သို့တက်ရာ နေလနှစ်ပါးကျလာ၍ ခြေဖဝါးအပြင်ကပ်လျက်တည်သည်ဟု မြင်မက်မူ တန်ခိုးကြီးအံ့။

(7) ဆံပင်ရှည်ကို မြင်မက်မူ တန်ခိုးကြီးအံ့

(8) ဆံပင်ရှည်ကိုမြင်မက်မူ အကျင့်ကောင်း၍ အကြီးအကဲ ဖြစ်အံ့

(9) ဆံပင်ဖြေရသည်ကို မြင်မကမူ မကောင်း

(10) ဆား၊ ဆီ၌ထိုင်ရသည်ကို မြင်မက်မူ သူတစ်ပါးတို့ကိုးကွယ်ရာဖြစ်အံ့။

(11) ဆားလျက်ရသည်ဟု မြင်မက်မူ သူတစ်ပါးတို့ ကိုးကွယ်ရာ ဖြစ်အံ့

(12) ဆင်းတုရုပ်ပွား တရားဟောသည်ကို ကြားရမက်မူ ကျော်စောအံ့ဆိတ်ဆိတ်နေသည်ကို မြင်မက်မူ သေအံ့။

(13) ဆူးစူးသည်ဟု မြင်မက်မူ ရန်တွေ့အံ့