[ ဈ ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ဈေးဆိုင်များစွာ မြင်မက်မူ အမြတ်အစွန်းများရအံ့

(2) ဈေးဝယ်နေသည် မြင်မက်မူ ကံကောင်းအံ့

(3) ဈေးသည် မိမိအိမ်သို့ ခေါ်သည် မြင်မက်မူ ဝင်ငွေတိုးကာလာဘ်ကောင်းအံ့၊ စိတ်ပျော်ရွှင်ရအံ့။

(4) ဈာန်ရသည် မြင်မက်မူ အရောင်းအဝယ်ကောင်းအံ့

(5) ဈာန်ပျံရသည့်လူများကို မြင်မက်မူအကြီးအကဲဖြစ်အံ့၊ အောင်မြင်အံ့

(6) ဈာန်ရသော ဘုန်းတော်ကြီးကို မြင်မက်မူ အထူကဲကောင်းအံ့၊မျက်နှာပွင့်အံ့။

(7) ဈာန်ပျံရထားစီးရသည်မြင်မက်မူ အကြီးအကဲဖြစ်အံ့၊ ထင်ပေါ်ကျော်စောအံ့။