[ ည ] နှင့် ပတ်သက်သော အိပ်မက်များ

(1) ညမှောင်ပြီး အလင်းရောင်ပေါ်သည် မြင်မက်မူ ကံကောင်းချိန်ရောက်ပြီဟု မှတ်ယူပါ။

(2) ညစာစားရသည်ကို မြင်မက်မူ အိမ်တွင်းရေး အေးအံ့၊ ချစ်သူ ခင်သူပေါများအံ့

(3) ညဉ့်ငှက်သံ သာယာစွာ ကြားရသည် မက်မူ ချမ်းသာ သုခ ဖြစ်အံ့၊မိမိလိုအင်အန္ဒပြည့်အံ့။

(4) ညီညာစွာ စွမ်းဆောင်ရသည်မြင်မက်မူ အထင်ကြီးခြင်းခံရအံ့၊ပူဇော်ခံရအံ့။

(5) ညီအစ်ကို မောင်နှမများကို မြင်မက်မူ ကျန်းမာအံ့၊ ရောဂါအနာကင်းအံ့။

(6) ညောင်ရေအိုး မြင်မက်မူ မုချလက်ထက်ရအံ့၊ ပျားရည်ဆမ်းချစ်ခရီးထွက်ရအံ့။

(7) ညောင်ပင်ကို မြင်မက်မူ အသက်ရှည်အံ့၊ ဥစ္စာ ပစ္စည်း တိုးတက်အံ့

(8) ညောင်ရွက်ကို မြင်မက်မူ သူတော်ကောင်းများက စောင့်ရှောက်အံ့၊အလွန်ကံကောင်းအံ့။

(9) ညောင်ရွက်အိမ် ဦးခန်းကျသည်ကို မြင်မက်မူ ရွှေဆင်းတုတော်ရရှိအံ့၊ ဘုရားကိုးဆူပင့်ရအံ့။

(10) ညည်းညူသံကြားရသည် မြင်မက်မူ ချီးမွမ်းခံရအံ့၊ ရန်သူများဒုက္ခရောက်အံ့။